GOOD TO KNOW

မေးလေ့ရှိတဲ့ မေးခွန်းများ။

FLOVA စနစ် အလုပ်လုပ်ပုံနဲ့ ပတ်သက်ပြီး သိလိုသမျှ ရှင်းလင်းချက်များ။

FLOVA ဆိုတာ ဘာလဲ။

FLOVA က Birthday Cake & Custom Order လုပ်ငန်းတွေအတွက် Counter POS, Kitchen App နဲ့ Web Admin Dashboard တို့ကို ecosystem တစ်ခုတည်းအဖြစ် ချိတ်ဆက်ပေးထားတဲ့ စနစ်ဖြစ်ပါတယ်။

ဘယ်လိုလုပ်ငန်းတွေအတွက် အထူးသင့်တော်လဲ။

Cake အရွယ်အစား (Variant)၊ စိတ်ကြိုက် Design အသေးစိတ်နဲ့ ကြိုတင် Pickup/Delivery ရက်ချိန်း (Due Date) တွေ အတိအကျ မှတ်သားရတဲ့ Bakery, Birthday Cake နဲ့ Custom Food & Beverage လုပ်ငန်းတွေအတွက် အထူးသင့်တော်ပါတယ်။

Birthday Cake & Custom Orders တွေကို POS မှာ ဘယ်လိုလက်ခံနိုင်လဲ။

Item & Variant ရွေးချယ်တာအပြင် Customer အမည်၊ ဖုန်းနံပါတ်၊ Due Date & Collection Time၊ ကိတ်မုန့် Design Code နဲ့ စိတ်ကြိုက်ထည့်ချင်တဲ့ Customization Notes တွေကို POS ထဲမှာ စနစ်တကျ မှတ်တမ်းတင်ပြီး အတည်မပြုခင် Preview ပြန်စစ်နိုင်ပါတယ်။

Shop ခွဲတွေ အများကြီး အသုံးပြုလို့ရလား။

ရပါတယ်။ Pro Plan မှာ Shop ၁ ဆိုင်အတွက်ဖြစ်ပြီး Enterprise Plan မှာတော့ 2-Shop သို့မဟုတ် 3-Shop setups တွေအထိ ရွေးချယ်အသုံးပြုနိုင်ပါတယ်။

FLOVA Kitchen က POS နဲ့ ဘာကွာလဲ။

Kitchen App ဟာ မုန့်ဖုတ်လုပ်ကိုင်တဲ့ မီးဖိုခန်းအဖွဲ့သားများအတွက် သီးသန့် Production View ဖြစ်ပါတယ်။ အရောင်းငွေစာရင်းတွေ မရှုပ်ထွေးစေဘဲ Due Date အလိုက် ပြုလုပ်ရမယ့် Order အသေးစိတ်နဲ့ Calendar ကိုသာ ရှင်းရှင်းလင်းလင်း ကြည့်ရှုနိုင်ပါတယ်။ အော်ဒါများတက်လာဖို့ Network Sync လိုအပ်ပါတယ်။

Admin Dashboard နဲ့ POS က သီးခြားစီလား။

ဟုတ်ကဲ့၊ သီးခြားစီ ဖြစ်ပါတယ်။ POS က ဆိုင်ကောင်တာမှာ နေ့စဉ် Order လက်ခံဖို့ဖြစ်ပြီး Web Admin Dashboard ကတော့ Business Owner အတွက် Sales Reports စစ်ဆေးရန်၊ Items & Variants စီမံရန်၊ Shop Catalog ခွဲဝေရန်နဲ့ Devices/Subscription စီမံရန် သီးသန့် နေရာဖြစ်ပါတယ်။

Shop တစ်ခုနဲ့တစ်ခု စျေးနှုန်းမတူတာမျိုး သတ်မှတ်လို့ရလား။

ရပါတယ်။ Enterprise Plan မှာ Master Catalog တစ်ခုတည်းကနေ Shop တစ်ခုချင်းစီအလိုက် ရောင်းချမယ့် Item ကို သတ်မှတ်နိုင်သလို Shop-specific Variant Price Override တွေပါ စိတ်ကြိုက် သတ်မှတ်နိုင်ပါတယ်။

အင်တာနက်လိုင်းမရှိရင် POS ကို Offline သုံးလို့ရလား။

POS မှာ ဆိုင်အလိုက် Item Catalog ကို Local Store သိမ်းဆည်းထားတာကြောင့် အင်တာနက်လိုင်း ခေတ္တပြတ်တောက်နေချိန်မှာလည်း Order ရိုက်ယူခြင်းနဲ့ Bluetooth Print ထုတ်ခြင်းတို့ကို အသုံးပြုနိုင်ပါတယ်။ သို့သော် Cloud Sync လုပ်ခြင်း၊ Data Updates ရယူခြင်းနဲ့ Kitchen ဆီ အော်ဒါအသစ် ပို့ဆောင်ခြင်းတို့အတွက် အင်တာနက် ချိတ်ဆက်မှု လိုအပ်ပါတယ်။

Voucher ဘယ်လို Print ထုတ်ရမလဲ။

FLOVA POS ကနေ Compatible ဖြစ်တဲ့ Bluetooth Thermal Printer နဲ့ ချိတ်ဆက်ပြီး Customer Voucher ရော Kitchen Voucher ပါ Print ထုတ်နိုင်ပါတယ်။ Printer ဝယ်ယူခြင်းမပြုမီ မော်ဒယ်ကိုက်ညီမှုကို Support အဖွဲ့နှင့် ကြိုတင်အတည်ပြုဖို့ အကြံပြုပါတယ်။

FLOVA POS ကို Android စက်မှာ ဘယ်လို Install လုပ်ရမလဲ။

Downloads စာမျက်နှာရှိ တရားဝင် Android APK Link ကနေ Download ရယူနိုင်ပါတယ်။ Android က ခွင့်ပြုချက်တောင်းပါက ထိုရင်းမြစ်အတွက် ခေတ္တ Allow လုပ်ပြီး App သွင်းပြီးပါက ပြန်ပိတ်နိုင်ပါတယ်။ အသုံးပြုရန် Authorized Shop Access လိုအပ်ပါတယ်။

FLOVA Kitchen ကို ဘယ်လို Install လုပ်ရမလဲ။

Downloads စာမျက်နှာရှိ Kitchen အတွက် တရားဝင် APK Link ကို အသုံးပြုပါ။ Kitchen စက်ကို သက်ဆိုင်ရာ Shop အတွက် ခွင့်ပြုချက်ပေးထားမှသာ Order များကို ကြည့်ရှုနိုင်ပါမယ်။

Admin Dashboard ကို ဘယ်လို ဝင်ရောက်ရမလဲ။

ကွန်ပျူတာ သို့မဟုတ် တက်ဘလက် ဘရောက်ဇာကနေ admin.flovaone.com သို့ ဝင်ရောက်ပြီး Owner Account Username/Password ဖြင့် Login ဝင်နိုင်ပါတယ်။

Subscription Plans တွေ ဘယ်လိုရှိလဲ။

Pro (1 Shop) သို့မဟုတ် Enterprise (2-3 Shops) ကို ရွေးချယ်နိုင်ပြီး ကာလကို ၁၊ ၃၊ ၆၊ ၁၂ လ စသဖြင့် ရွေးချယ်နိုင်ပါတယ်။ ၁၂ လအတွက် အထူး ၂၀% သက်သာခွင့် ရှိပါတယ်။ စတင်အသုံးပြုခွင့်ကို FLOVA Support ကနေ ဆောင်ရွက်ပေးပါတယ်။

Support နဲ့ အကူအညီ ဘယ်လိုရယူရမလဲ။

Contact စာမျက်နှာမှာ ဖော်ပြထားတဲ့ တရားဝင် Telegram သို့မဟုတ် Email ကနေ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Support ရယူရန်
FLOVA ONE

Order တွေကို ပိုစနစ်တကျ စီမံဖို့ အဆင်သင့်ဖြစ်ပြီလား။

Counter, Kitchen နဲ့ Business Management အားလုံးကို FLOVA နဲ့ အတူတကွ ချိတ်ဆက်လိုက်ပါ။